ပျော်ဘွယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သင်ကြား
နိုင်ငံတော်မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်ချမှတ်ထားသော နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပျော်ဘွယ်မြို့နယ်တွင်လည်း ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။