(၄၇)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး အကြံပြုချက်များကို ကမ္ဘာ့အ‌မွေအနှစ် ပုဂံဒေသထိန်းသိမ်းစောင့်ရှောက်မှု အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရေးလုပ်ငန်းညှိနှိုင်း

ညောင်ဦး စက်တင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ (၄၇)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး၏ အကြံပြုချက် ၁၄ ချက်နှင့်ပတ်သက်သည့် အချက်အလက်များကို ကမ္ဘာ့အ‌မွေအနှစ် ပုဂံဒေသထိန်းသိမ်း စောင့်ရှောက်မှု အစီရင်ခံစာ(State of Conservation Report of Bagan, 2024-2025)တွင် ထည့်သွင်းရေးသားတင်ပြနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၁၆ ရက်မှ ၂၆ရက်အထိ ကျင်းပသည့်  (၄၇) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေး၏ အကြံပြုချက် (၁၄) ချက်နှင့် ပတ်သက်သည့် အချက်အလက်များကို ကမ္ဘာ့အ‌မွေအနှစ် ပုဂံဒေသထိန်းသိမ်းစောင့်ရှောက်မှု အစီရင်ခံစာ (State of Conservation Report of Bagan, 2024-2025)တွင် ထည့်သွင်းရေးသားတင်ပြနိုင်ရေး ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညီမွန်းက ကမ္ဘာ့အ‌မွေအနှစ် ပုဂံဒေသထိန်းသိမ်းစောင့်ရှောက်မှု အစီရင်ခံစာ တင်သွင်းနိုင်ရေးထပ်ဆင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်စိမ်းနွယ်က အစီရင်ခံစာပါ အ ကောင်အထည် ဖော် ဆောင်ရွက်ရမည့် အကြောင်း အရာများနှင့် ဌာနဆိုင်ရာများ ပါဝင်ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်သည့် အချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ဒီပါလင်း