မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

မြစ်သား စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မာဃရပ်ကွက်အတွင်းရှိပြည်သူများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမများက (အခမဲ့)နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကုသပေးခဲ့ကြောင်း သိရသည်။

မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာ ရေးဆရာမများနှင့်သားဖွားဆရာမများက မာဃရပ်ကွက်အတွင်းရှိ‌ အ‌‌ထွေထွေ‌ရောဂါလူနာများ၊ ကိုယ်ဝန်ဆောင်နှင့်သားဖွားမီးယပ် လူနာများ၊ အရိုးအကြောနှင့်ပတ်သက်သည့်လူနာမျာ၊ ကလေးငယ်များအား ကျန်းမာရေး စောင့်‌ရှောက်ကုသပေးခြင်းများကို ဆောင်ရွက်‌ပေးခဲ့ပြီး ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရန်အတွက် သောက်သုံးရေကန်များ၊ ရေအိုများ၊ ဘုရားပန်းအိုးများ၊ ကားတာယာများ၊ အိုးခွက်များစသည့် ခြင်ခိုအောင်းနိုင်သည့် နေရာများတွင် ဖုန်း၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေသိုလှောင်ကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)