ရှမ်းပြည်နယ်

ဖယ်ခုံမြို့၌ ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားသည့် အိမ်ခြေ(၁၅၀)လုံးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့ပစ္စည်းများပေးအပ် 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် နေရပ်ပြန်ပြည်သူများတွင် ၁၀၀ ရာခိုင်နှုန်း ပျက်စီးသွားသည့် အိမ်ခြေ (၁၅၀) လုံးအား ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ထောက်ပံ့ပစ္စည်း ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံ့နက် ၉ နာရီခွဲက ဖယ်ခုံမြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် ရွာကန့်လန့်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာပြီး ဆင်းရဲမှုလျော့ချစေရန် ရည်ရွယ်၍ ရွာသာ ကျေးရွာအုပ်စု၊ ရွာကန့်လန့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိသော လုပ်ငန်းများကို ဇွန် လ ၂၆ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

​​​​​​​ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာမှုအား စုစည်းဖော်ပြအပ်ပါသည် -

ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူ တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးခွန်ထွန်းဖြူသည် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်းက၊ တောင်ကြီးမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု သစ်ပင်စိုက်ပွဲကျင်းပ

ဇူလိုင် (၃) ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.မ.က (ဝမ်ဘိုး)၌ ယနေ့နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့ အကြိုလှုပ်ရှားမှု သစ်ပင်စိုက်ပျိုးပွဲ ကျင်းပသည်။

ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်မည့် ထူးချွန်အမျိုးသမီးများ စီစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၆ခုနှစ်၊ ဇူလှိုင်လ(၃)ရက်‌နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေအခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်မည့် ထူးချွန်အမျိုးသမီးများစီစစ်ရွေးချယ်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၆ ခုနှစ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီခွဲအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

မိုင်းရယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူး‌ပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ပြုလုပ်သည်။

ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ ဖုန်းနှင့်ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဇွန် ၂၆ ရက်က ကျင်းပသည်။

မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများအား သင်တန်းပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ကမ္ဘောဇခန်းမ စုရပ်နေရာ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က စတင်ကာ ရပ်ကွက်အုပ် ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများအား သင်တန်းပို့ချပေး လျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်