ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇွန် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ ဖုန်းနှင့်ဆက်စပ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဇွန် ၂၆ ရက်က ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်များ အကြောင်း၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအား ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR)အကြောင်း သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ဖုန်းနှင့်ဆက်စပ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်ပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြား ခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)