ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာမှုအား စုစည်းဖော်ပြအပ်ပါသည် -

နောင်ချိုမြို့နယ်တွင် ၁၁၇ ဦး ဖြေဆိုအောင်မြင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်၆နာရီက အထက() စာစစ်ဌာနတွင်ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၁၇ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

နောင်ချိုမြို့နယ်တွင် အထက-၁ စာစစ်ဌာန ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း  ၂၈၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၁၁၇ ဦးဖြေဆိုအောင်မြင်ကာ အောင်မြင်မှု ရာခိုင်နှုန်း ၄ဒသမ ၄၈ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ နောင်ချိုမြို့နယ်အနေဖြင့် ဂုဏ်ထူးရရှိမှုအခြေအနေမှာ() ဘာသာစုံဂုဏ်ထူးရှင်()ဦး ၊ ()ဘာသာဂုဏ်ထူးရှင်()ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင်()ဦး ၊ (၂)ဘာသာဂုဏ်ထူးရှင်(၁၃)ဦး နှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၉) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် ပြန်/ဆက်

မူဆယ်မြို့တွင် အောင်မြင်သူ ၅၃ ရာခိုင်နှုန်းကျော်ရှိ

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် ၆ နာရီ အချိန်က တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ အထက(၂)၊ စာစစ်ဌာနတွင် အောင်မြင်သူ ၅၃ % ကျော်ရှိကြောင်း သိရသည်။

မူဆယ်မြို့နယ်တွင် စာစစ်ဌာန(၁)ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ ၅၂၆ ဦးဖြစ်ကာ အောင်မြင်သူ ၂၈၀ ရှိသည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း ၅၃ ရာခိုင်နှုန်းကျော်အောင်မြင်ခဲ့သည်။ အောင်မြင်သူများ အနက်  ၅ ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊             ၂ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃၆ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၂၁၈ ဦးဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်

ကျိုင်းတောင်းမြို့၌ ၂၀၂၆ ခုနှစ် Grade-12 အောင်စာရင်းထုတ်ပြန်

ရှမ်းပြည်နယ်တောင်းပိုင်း၊ မိုးနဲမြို့နယ် ကျိုင်းတောင်းမြို့ Grade- 12 အောင်စာရင်းအား​​အများပြည်သူများ လာရောက်ကြည့်ရှုနိုင်ရန်ထုတ်ပြန်ခဲ့ရာ  ကျောင်းအတွင်းဖြေဆိုသူ ကျောင်းသား ၁၃ ဉီး နှင့် ကျောင်းသူ ၁၃ ဉီး၊ ကျောင်းပြင်ပမှ လာရောက်ဖြေဆိုသူ ကျောင်းသား ၄ ဉီးနှင့် ကျောင်သူ ၅ ဦးရှိပြီး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၈ ဉီးဖြေဆိုခဲ့ကြောင်း သိရပါသည်။ ဖြေဆိုသူများတွင် ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၆ ဉီး အောင်မြင်ခဲ့ကြောင်းသိရသည်။  

ကိုကိုပြန်/ဆက်

နမ့်စန်မြို့နယ်တွင် ၂၂၇ ဦး ဖြေဆိုအောင်မြင်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်၆နာရီက အထက(နမ့်စန်)စာစစ်ဌာနနှင့် အထက(ခိုလန်) စာစစ်ဌာနတို့တွင်ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသားကျောင်းသူစုစုပေါင်း ၂၂၇ဦးဖြေဆို အောင်မြင် ခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် စာစစ်ဌာန()ခု၌ ကျောင်းတွင်းနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၆၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၂၂၇ ဦးဖြေဆိုအောင်မြင်ကာ အောင်မြင်မှု ရာခိုင်နှုန်း ၄၉.၀၃ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။ ဂုဏ်ထူးရရှိမှုအခြေအနေမှာ ဘာသာစုံဂုဏ်ထူးရှင်(၁)ဦး ၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင်()ဦး ()ဘာသာဂုဏ်ထူးရှင်(၇)ဦး နှင့် ()ဘာသာဂုဏ်ထူးရှင် (၂၈) ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သူရအောင်(နမ့်စန်)

ပင်းတယမြို့နယ်၌ ရှိကာ အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၂၁ ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာန(၄)ကျောင်းတို့တွင် ထုတ်ပြန်ရာ ၂၀၂၅၊-၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၆၉၅ ဦးရှိပြီး စာမေးပွဲ အောင်မြင်သူ စုစုပေါင်း ၃၄၂ ဦး ရှိကာ အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၂၁ ရှိကြောင်း၊ ၅ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်၁၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၉ ဦးနှင့် ၁ ဘာသာဂုထူးရှင် ၃၄ ဦး   ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)

မိုင်းဖြတ်မြို့နယ်၌ အောင်ချက် ၄၅ ဒသမ ၁၆ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုသူ ‌ကျောင်းသား၊ ကျောင်းသူ(၆၂)အနက် ယနေ့ထုတ်ပြန်သည့်အောင်စာရင်းအရ (၂၈)ဦး အောင်မြင်ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၂)ထွက်ပေါ်ခဲ့ရာ အောင်မြင်မှုရာခိုင်နှုန်းမှာ (၄၅ ဒသမ ၁၆)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 မြို့နယ်(ပြန်/ဆက်)

ဆီဆိုင်မြို့နယ်တွင်  အောင်ချက် (၃၅ ဒသမ ၉၆)ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် စာစစ်ဌာန(၃)ခု၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၇၀)ဦး၊ ကျောင်းသူ(၁၉၇)ဦး၊ စုစုပေါင်း(၆၇)ဦး ဖြေဆိုခဲ့ရာ ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၇၅)ဦး၊ စုစုပေါင်း(၉၆)ဦး အောင်မြင်ခဲ့၍ လေးဘာသာဂုဏ်ထူးရှင် (၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ နှစ်ဘာဂုဏ်ထူးရှင်()ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်()ဦး ထွက်ရှိခဲ့ပြီး အောင်ချက် (၃၅ ဒသမ ၉၆)ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)

မောက်မယ်မြို့နယ်၌  အောင်မြင်သူ ၂၁ ဒသမ ၇၄ ရာခိုင်နှုန်းရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂ခုနှစ်မတ်လကျင်းပည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ(Grade-12)တွင် မောက်မယ်စာစစ် ဌာနမှ ကျောင်းသားကျောင်းသူများဖြေဆိုသူ စုစုပေါင်း(၄)ဦးအနက် ယနေ့နံနက်ပိုင်းတွင် မြို့နယ် ပညာရေးမှူးရုံး၌ အောင်စာရင်းများထွက်ရှိကပ်ထားရာ(၁)ဦး ဖြေဆိုအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။         

စိုင်းမျိုးသန့်(မောက်မယ်)

မိုင်းပျဥ်းမြို့နယ်၌  ကျောင်းသား၊ကျောင်းသူ(၁၀)ဦးအောင်မြင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် မိုင်းပျဥ်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက် (၆) နာရီက မိုင်းပျဥ်းမြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာကြောင်းသိရသည်။

မိုင်းပျဥ်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အထက(မိုင်းပျဉ်း)စာစစ်ဌာန၌ ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ‌(၅၂)ဦးရာ ကျောင်းသား၊ကျောင်းသူ(၁၀)ဦးအောင်မြင်၍ မိုင်းပျဥ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၁၉ ဒသမ ၃၂) ရှိကြောင်း မိုင်းပျဥ်းမြို့နယ်ပညာရေးဌာနမှ သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)

ကွန်ဟိန်းမြို့နယ်တွင်၂၀၂၆ခုနှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်

၂၀၂၆ ခုနှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၂၈ ရက် နံနက် ၆နာရီက ထုတ်ပြန်ကြေညာခဲ့ရာ  ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ၂၀ရာခိုင်နှုန်း အောင်မြင်ကြောင်းသိရသည်။

ကွန်ဟိန်း မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန(၁)ခုရှိပြီးစာ မေးပွဲဝင် ရောက်ဖြေဆိုသူ (၅၅)ဦး၊ ရိုးရိုးဖြေဆိုအောင်မြင်သူ(၁၀)ဦးနှင့် ဂုဏ်ထူး(၂)ဘာသာ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်ဖြင့် အောင်မြင်သူ(၁)ဦး စုစုပေါင်း အောင်မြင်သူ(၁၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် ပြန်/ဆက်

တန့်ယန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၆)ဦး အောင်မြင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တန့်ယန်း စာဖြေဌာနတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၃)ဦး စာရင်းပေးသွင်းထားပြီး ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဝင်ရောက်ဖြေဆိုခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၆)ဦး အောင်မြင် သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ ၆၇ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။                                               

မင်းလွင်ဦး(တန့်ယန်း)

တာလေမြို့၌ တက္ကသိုလ်ဝင်တန်းအောင်စာရင်းထုတ်ပြန်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)၌ ထုတ်ပြန်ရာ ကျောင်းတွင်း/ကျောင်းပြင်ပဖြေဆိုသူစုစုပေါင်း (၂၇)ဦးရှိခဲ့ရာ ကျောင်းသား (၂)ဦး၊ ကျောင်းသူ(၃)ဦးစုစုပေါင်း (၅)ဦးအောင်မြင်ခဲ့ကြောင်းနှင့် အောင်မြင်မှုရာခိုင်နှုန်းမှာ (၁၈ ဒသမ ၅၂) ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)