မက်မန်းမြို့တွင် ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရက် (၁၀၀)စီမံချက်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ ဆွတ်ဝိုးအုပ်စု၊ အောင်သံလွင်ကျေးရွာ၊ အ.ထ.က (ခွဲ) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။