ပန်ဆန်း (ပန်ခမ်း) မြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေး
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှုလုပ်ငန်းအား ကုသရေးဦးစီးဌာန၊ နေပြည်တော်သွားနှင့် ခံတွင်းအထူးကုဆေးရုံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် “ဝ” အထူးဒေသ၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။