နောင်ချိုမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပ‌ဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်း ဖွင့်လှစ်

နောင်ချို ဇွန် ၃၀   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ‌နောင်ချိုမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပ‌ဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်ပွဲကို ဇွန်လ ၂၉ရက် နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ‌ဦးအာကာဆွေတင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥဒေအရာရှိ ဦးဝင်းဘိုမှ  နိုင်ငံသားတိုင်းတရားဥပဒေစိုးမိုးမှုရရှိစေရန်၊ ဥပဒေအသိပညာရရှိစေရန်၊ ဥပဒေအကာအကွယ်ကို အညီအမျှရရှိစေရန်၊ ဥပဒေအသိပညာ ပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းတွင် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ၂ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး (၄၁) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ဥပဒေရုံးမှ သိရသည်။

မြို့နယ်၊ ပြန်/ဆက်