ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပ

ပင်းတယ ဇွန် ၃၀

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပွေးလှရေကန်ထင်ရှူးတောတွင် ပင်းတယမြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကိုကျင်းပသည်။

ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပျိုးပင်များကို ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ပင်းတယမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိက သစ်ပင်စိုက်ပျိုးရန်အတွက် ရှင်းလင်းသရုပ်ပြပြောကြားသည်။

ယင်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ၊ မိဘပြည်သူများက စုပေါင်း၍ သတ်မှတ်နေရာအသီးသီးတို့တွင် အင်အား၂၀၀ ဦးခန့်ဖြင့် ထင်းရှူးပင်စုစုပေါင်း (၁၀၀၀) ပင်ကို စိုက်ပျိုးခဲ့ကြကာ ပျိုးပင်စိုက်ပျိုးနေမှုအခြေအနေများအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)