ရှမ်းပြည်နယ်

ရပ်စောက်မြို့နယ်၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ အားလုံးမဲစာရင်းတွင်

လားရှိုးမြို့တွင် လားရှိုးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ လားရှိုးတက္ကသိုလ်ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှေ့ရှိ အဝင်မုခ်ဦး၌ ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၁/၂၀၂၅) ကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲဝင် ဆုရကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်( တောင်ပိုင်း )တာဝန်ခံ ဦးခင်မောင်ဦး သည် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူးတို့ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော်ရုံးခန်းမ၌ MEVM စက်များ ထိန်းသိမ်းထားရှိမှု နှင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM စက်များ စမ်းသပ်စစ်ဆေးနေမှုများအား နိုဝင်ဘာ  ၂၄ ရက် က ကြည့်ရှု စစ်ဆေးသည်။

အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်

ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ညောင်ရွှေမြို့နယ် အင်းလေးဒေသ သာလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ကြေညာ

ရှမ်းပြည်နယ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာထားခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျေးရွာဒေသများဖွံ့ဖြိုးတိုးတက်ရေး နယ်မြေကွင်းဆင်းခြင်းကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ နိုဝင်ဘာ ၂၂ ရက်နေ့က မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာအုပ်စု၊ ပန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ နယ်မြေကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ်

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပိုလီတက္ကနစ် တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းများစတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၁၀၇၆) ယခုလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်းသွားမည်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက စုစုပေါင်း (၁၁၀၇၆) ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်