မိုင်းပျဉ်း ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၆−၂၀၂၇ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းနှင့် မြေကွက်များအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးထက်က မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ထုတ်ပေးရခြင်းအကြောင်း၊ မြေစာရင်းဌာနမှ မြို့နယ် ဦးစီးမှူး ဦးနိုင်လင်းထွန်းက လယ်ယာစိုက်ပျိုးမြေ ပုံစံ−၇လျှောက်ထားခြင်းနှင့် မြေယာဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမြင့်သန်းက မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၏ ဆက်နွယ်အကျိုးရှိပုံများ အကြောင်းတို့ကို ရှင်းလင်းပြော ကြားသည်။ ထို့နောက် ဟောင်ကန်ကျေးရွာတောင်သူများသို့ ဆင်းဧကရီ−၃ (၁၀)ဧက၊ ရေဆင်းပေါ် ဆန်း(၃)ဧက၊ ရွှေရင်အေး(၃)ဧက၊ ပဲပုတ်(၁၀)ဧကအတွက်နှင့် နေကြာမျိုး(၅)အိတ်တို့ကို မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းကျော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူတို့က ပေးအပ်ကြရာ ကျေးရွာတောင်သူများမှ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားအပြီးတွင် စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးထက်က စပါးနှင့်ပြောင်း တိုက်ရိုက်မျိုးစေ့ချ စက်ကိရိယာအသုံးပြုပုံအား လက်တွေ့ပြသပြီး၊ ကျေးရွာတောင်သူများ အနေဖြင့် အသုံးပြုဆောင် ရွက်လိုက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းကျော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာ ရင်းဦးစီးမှူး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စီမံကိန်းရေး ဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဟောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက် ရောက်ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)