နောင်ချို ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များထုတ်ပေးခြင်းကို ဇွန်လ ၂ရက် နံနက် ၉ နာရီအချိန်မှစ၍ အင်းဖိုကျေးရွာအုပ်စု၊မယ်ဟုန်ကျေးရွာအတွင်းရှိ ပြည်သူများအား ဖိတ်ခေါ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန(ယာယီ)ရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့် ဝန်ထမ်းများက အသက်၁၀နှစ်နှင့်အထက် မှတ်ပုံတင်အသစ် ပြုလုပ်ပေးခြင်း၊ UID ကတ်များထုတ်ပေးခြင်း၊ အသက်၁၈နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)