ရှမ်းပြည်နယ်

မိုင်းရှူးမြို့အတွင်းရှိ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် တာဝန်ရှိသူများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်(၁၀)နာရီက စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

လားရှိုးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ပူဇော်မည့် မဟာဗောဓိစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း တည်ထားကိုးကွယ်ပူဇော်မည့် မဟာဗောဓိစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့် အထွဋ်တင်လှူပူဇော်ခြင်း၊ ဗုဒ္ဓအဘိသေကအနေကဇာတင်လှူခြင်း၊ မဟာဗောဓိပင်စိုက်ပျိုးခြင်းနှင့် ဗောဓိညောင်ရေသွန်းလောင်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၌ ကျင်းပသည်။

လဲချားမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမှုအပေါ် လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှုမှ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ထုတ်ပြန်ကြေညာခြင်းအပေါ် လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နိုဝင်ဘာ ၂၂ ရက်နေ့တွင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် နိုဝင်ဘာ ၂၃ ရက်က မြို့နှင့်အလှမ်းဝေးပြီး သွားလာရခက်ခဲသော ဟွေဖ(ပေါ်)ကျေးရွာ၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူးပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ကျိုင်းတုံပင်မဓာတ်အားခွဲမှတဆင့် ၆၆ကေဗွီ Feeder (1) မှ ဓာတ်အားကို မိုင်းခတ်မြို့နယ်အတွင်းရှိ မြို့‌ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ (၇) ရွာသို့ နိုဝင်ဘာ ၂၂ ရက်‌ ညနေပိုင်းကစတင်၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ တရားမဝင်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၂ ရက်နေ့က တရားမဝင်စားသောက်ကုန်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူးပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်တွင်နိုင်ငံတော်ဓာတ်အားစနစ်ဖြင့်ကျိုင်းတုံပင်မဓာတ်အားခွဲမှတဆင့်၆၆ ကေဗွီFeeder(1)မှဓာတ်အားကိုမိုင်းခတ်မြို့နယ်အတွင်းရှိမြို့‌ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွ ာ(၇) ရွာသို့ နိုဝင်ဘာ၂၂ ရက်‌ ညနေပိုင်းအချိန်ကစတင်၍ ဓာတ်အားဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

နမ့်စန်တွင် ၄ မြို့နယ် Over (40)အမျိုးသား  ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၄) မြို့နယ် Over (40) အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ် ကျောက်တိုင်အား ကစားကွင်းအတွင်းတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးနေသူများအား ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပျောက်ဆုံးနေသူများအား နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ပင်လောင်းမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊ မြူငွေ့လျှော့ချရေး အသိပညာပေး ဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး၊မြူငွေ့လျှော့ချရေးး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ‌ခြေခံပညာအထက်တန်းကျောင်း တီကျစ်ကျောင်း အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်