ရှမ်းပြည်နယ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုမှာကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(‌တောင်ပိုင်း)တာဝန်ခံ ဦးခင်‌မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းနှင့် အတွင်းရေးမှူးတို့လိုက်ပါလျက် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့သို့ရောက်ရှိကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ညောင်ရွှေမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲသင်တန်းဖွင့်လှစ်နေမှုနှင့်ညောင်ရွှေမြို့၊ မိုင်းလီရပ်ကွက်နှင့်နန္ဒာဝန်ရပ်ကွက်တို့တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုကို ကြည့်ရှုခဲ့သည်။

မိုးနဲမြို့နယ်၌ အထင်ကရနေရာတစ်ခုဖြစ်သော ဆင်တောင်(လွိုင်စန့်)၌ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အား ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ရသည်အထိ ဘုရားစေတီပုထိုးများ များပြားလျက်ရှိရာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ ပြည်သူများပူးပေါင်းကာ အပတ်စဉ် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ဆင်တောင်(လွိုင်စန့်)စေတီဘုရား၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် လိုက်လံစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက​ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်သို့ မြေပြင်တစ်အိမ်တက်ဆင်း၍  လိုက်လံစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ရှမ်းပြည်နယ်(‌တောင်ပိုင်း)ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြည့်ရှုမှာကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(‌တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတို့လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နန်းပန်အားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နန်းပန်အားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEGUE (2025-2026) ကလပ်ပေါင်းစုံအမျိုးသား ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နန်းပန်မြို့ နန်းပန်အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ကလောခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ တက္ကသိုလ်များက ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

လားရှိုးမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီမှ ကြီးမှူး၍  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်း များပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ရပ်ကွက် (၁) နယ်မြေ (၁)ရှိ လားဟူနှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဖက်ကွန်ကျေးရွာအုပ်စုရှိ အမှိုက်စွန့်ပစ်နေရာသစ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို ယမန်နေ့ နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းယန်းခရိုင်/ မိုင်းယန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် မြို့ပေါ်(၁၁)ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူဆယ်မြို့တွင် ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ဆေးဝါးကုသိုလ်ပြုခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဘိုးဘွားရိပ်ရှိ ဘိုးဘွားများအား ဦးဘိုလေး (UBL,BLF Company)မှ ယနေ့နံနက်ပိုင်းက လစဉ်ကုသိုလ်ပြုဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့သည်။
Subscribe to ရှမ်းပြည်နယ်