ရှမ်းပြည်နယ်

လဲချားမြို့နယ်၌ မဲရုဲမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

မိုင်းရှူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မင်းလှိုင်နှင့်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက နမ့်တောင်ကျေးရွာ၊ ပန်ငကျေးရွာနှင့်နားဝိုင်ကျေးရွာများတို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မောက်မယ်မြို့နယ်၌ ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းခြင်း၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အသစ်ရွေးချယ်တင်မြောက်ပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ဒါရိုက်တာအသစ်ရွေးချယ်တင်မြောက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် ယနေ့နံနက် (၁၀)နာရီ က မြို့ပေါ်ရပ်ကွက်(၂)နှင့်ကျေးရွာများတွင် မြေပြင်ကွင်းဆင်း စိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်းသိရသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ဖက်ကွန်ကျေးရွာအုပ်စုရှိ အမှိုက်စွန့်ပစ်နေရာသစ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဖက်ကွန်ကျေးရွာအုပ်စု၊ လင်းလေကျေးရွာမြောက်ဘက်အနီးရှိ အမှိုက်စွန့်ပစ်နေရာသစ်၊ အမှိုက်ကျင်းသစ်နေရာကို နိုဝင်ဘာ  ၂၈ ရက်နေ့နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုင်းတုံမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။

ဖယ်ခုံမြို့၌ ပြည်သူများဆန္ဒမဲ‌ပေးပိုင်ခွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် မဲစာရင်းကောက်ယူစစ်ဆေးခြင်းအား မြေပြင်ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့၌ ပြည်သူများအား ဆန္ဒ‌မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက် (၄)ရပ်ကွက်အား ဖယ်ခုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၁၁ နာရီတွင် မြေပြင်ကွင်းဆင်း၍ မဲစာရင်ကောက်ယူစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်