ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ(ထက်၊လယ်၊မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေး

ပေါက်တောမြို့နယ်အတွင်းရှိ (ထက်၊လယ်၊မူ) ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေး​နွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပေါက်တောမြို့ရှိ အမက-ဘဝမ်း တွင်ပြုလုပ်ကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အခမ်းအနားနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန် အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့၌ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြို့ပေါ်ရပ်ကွက်ရှိ ဒိုင်းကျီဘုန်းတော်ကြီးကျောင်းနှင့် ကိုးနဝင်းတိုက်ပွဲရှောင်စခန်းသို့ လာရောက်ခိုလှုံနေသောပြည်သူများအတွက်  နီပွန်ဖောင်ဒေးရှင်းမှ တစ်လစာဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။      

တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီနှင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ ၁၅ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ် မြောက် ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ်အဖြစ်အခြေခံပညာအထက်တန်း၊အလယ်တန်း အဆင့်စာစီစာကုံး ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်၉နာရီက အ-ထ-က မာန်အောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရသေ့တောင်မြို့၌ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ပြုလုပ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ  ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ အချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်း ပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင် ရည်မြင့်မားရေးသင်တန်း ဆင်းပွဲအခမ်းအနားတက်ရောက်

ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

ရမ်းဗြဲမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြသည်။
Subscribe to ရခိုင်ပြည်နယ်