ရခိုင်ပြည်နယ်

မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ဌာနပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်း ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံ ပြည်သူများအတွက် အာဆီယံအပေါင်း (၃)နိုင်ငံများ၏ အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ ဆန်လှူဒါန်းထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၁၁)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမှတ်(၇)မေဃဝတီမဂ္ဂဇင်း ထုတ်ဝေနိုင်ရေးနှင့် စာပေဟောပြောပွဲကျင်းပနိုင်ရေး အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်း ကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော မေဃဝတီမဂ္ဂဇင်း အမှတ်(၇)ဆက်လက် ထုတ်ဝေနိုင်ရေးနှင့် စာပေဟောပြောပွဲကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်သည့်(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင့်သည့် (၁၆) ရက်တာလှုပ်ရှားမှု GENDER, CEDAW, NSPAW အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။ 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအား ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယ ကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna လာရောက်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ ရခိုင်ပြည်နယ်ဆိုင်ရာ အိန္ဒိယကောင် စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန် Mr .Jay Krishna အား လက်ခံတွေ့ဆုံကြသည်။

မအီဒေသတွင် ရာဘာပြားများဈေးကောင်းရရှိရန် ရာဘာခင်းလုပ်ငန်းရှင်များမျှော်လင့်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ဒေသပတ်ဝန်းကျင်ကျေးရွာများမှ ရာဘာစိုက်ခင်းလုပ်ငန်းရှင်များမှာ စက်တင်ဘာလမှစတင်၍ ရာဘာစေးများကိုခံယူပြီး ရာဘာပြားများ ပြုလုပ်ရောင်းချလျက်ရှိရာ ယခင်နှစ်များကဲ့သို့ ဈေးနှုန်းမကောင်းမည်ကို စိုးရိမ်နေကြကြောင်း အောင်သပြေကျေးရွာ ရာဘာစိုက်ခင်းလုပ်ငန်းရှင် ဦးသန်းဝင်းကပြောကြားသည်။

သံတွဲမြို့၌ လူငယ်စကားဝိုင်းကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်စကားဝိုင်းကျင်းပရေးညှိနှိုင်း အစည်းအဝေးကို ယမန် နေ့မွန်းလွဲ ၁ နာရီက အဆိုပါအဆောက်အဦအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများသို့ အိမ်သုံးဆိုလာ(၆၈)စုံနှင့် ဆိုလာမီးတိုင်(၆၀)တိုင်ထောက်ပံ့ပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ဆင်ဘုတ်ချောင်းဖျားကျေးရွာ၊ ပန်းတောကြီးကျေးရွာ၊ တောင်စွယ်(ခေါ်)တောင်ကြီးရင်းကျေးရွာနှင့် အဟောင်းတောင်ကျေးရွာများသို့ အိမ်သုံး ဆိုလာ(၆၈)စုံနှင့် ဆိုလာမီးတိုင်(၆၀)တိုင် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
Subscribe to ရခိုင်ပြည်နယ်