ပေါက်တောမြို့နယ် အ.ထ.က(ခွဲ)-ငခူရှည် ကျောင်း၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ပေါက်တော   ဒီဇင်ဘာ  ၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် အ.ထ.က(ခွဲ)-ငခူရှည်ကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ ညနေပိုင်းက အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုးနှင့် အဖွဲ့ဝင်များက ကြက်ခြေနီ အကြောင်းသိကောင်းစရာများကို ဟော​ပြောခြင်း၊ ကျောင်းကြက်ခြေနီအဖွဲ့ ဖွဲ့စည်းခြင်း၊ ရှေးဦးသူနာ ပြုစုနည်းပညာရပ်များပို့ချခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါအသိ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို အ.ထ.က(ခွဲ)-ငခူရှည်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖြူနှင့် ဆရာ/မများနှင့် ကျောင်းသား/သူများ (၁၀၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  မြို့နယ်(ပြန်/ဆက်)