ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် ဂွမြို့၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၌မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့မဈေး၌ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေး၌ စားသောက်ကုန်ပစ္စည်းများ အရောင်းဆိုင်တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယမန်နေ့က စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ပြည်သူများယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် သွားရောက်စစ်ဆေးခဲ့ကြသည်။

ပေါက်တောမြို့နယ် သဝင်ချောင်း-အ.ထ.က ကျောင်း၌ မြို့နယ်ကြက်ခြေနီအဖွဲ့မှ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် သဝင်ချောင်း-အ.ထ.က ကျောင်း၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပေါက်တောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့ နေ့လယ်ပိုင်းက အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ယနေ့နံနက် ၉ နာရီအချိန်ကမြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်အောက် မွေးကင်းစကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိ​သည်။

ရသေ့တောင်မြို့နယ်တွင် အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ရသေ့တောင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များ နှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၅) ရက်နေ့နံနက်ပိုင်းတွင် မြို့နယ်မီးသတ် ဦးစီးမှူးရုံးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်

 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကိုယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေး ဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင်မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

သံတွဲမြို့ အောင်သုခဆရာတော်ဘုရားကြီး၏ လွမ်းစေတီဌာပနာပိတ်ပွဲနှင့် ရွှေထီးတော်တင် မင်္ဂလာဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက သံတွဲမြို့ အောင်သုခဓမ္မရိပ်သာခွဲ၊ အောင်မြေသာစည်တရားစခန်းဓမ္မာရုံအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရသေ့တောင်မြို့တွင် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင်၊ အလှူရှင်များမှ စတုဒီသာကျွေးမွေးလှူဒါန်း

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊  မြို့ပေါ်ရပ်ကွက်များတွင် ရခိုင်ပြည်နယ်နေ့အကြိုအဖြစ် စေတနာရှင်များ၊ အလှူရှင်များ တစ်ဦးချင်း (သို့) စုပေါင်းပြီး (သာကူ၊ ဆက်နှံ၊ ဆန်ပြုတ်၊ မုန့်တီလျှာပူ၊ မုန့်ဟင်းခါး) တို့ကို စတုဒီသာကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်