ရခိုင်ပြည်နယ်

သံတွဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်ထုတ်ပြန်

သံတွဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းအတွင်း ချောင်းရေများစိုးရိမ်‌ရေအမှတ်ထက်မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွါးလာနိုင်သဖြင့် အနိမ့်ပိုင်း‌ဒေသရှိပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ချက်များကို မြို့အတွင်း လှည့်လည်ဆော်ဩလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူ များသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဘူးသီးတောင်မြို့၌ မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ကလေးငယ်များအား မွေးစမှ အသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီမှ ညနေ (၃) နာရီအချိန်ထိ ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

ကျောက်တော်မြို့ ကစ္ဆပနဒီခန်းမ၌ ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်း အနားကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ဌာနဆိုင်ရာစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း စုပေါင်းဆင်ယင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာ) အခါတော်နေ့တွင် ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလဆောက်တည်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်ပုမြို့၌ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်(ဓမ္မစကြာ)နေ့တွင် မြို့ပေါ်ရပ်ကွက်ရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီး၌ ဥပုသ်သီလဆောက် တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်သူများနှင့် ဥပုသ်သီလဆောက်တည်ခြင်းပြုလုပ်သူများဖြင့်စည်ကားလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊‌ စေတနာရှင်များ၏ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့ နေ့လယ် ၁ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အခြေခံစားသောက်ကုန်များ ပုံမှန်ထက်ဈေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတို့တွင် ဥပုသ်သီလဆောက်တည်သူများ ကောင်းမှုကုသိုလ် ဒါနပြုလုပ်သူများဖြင့်အထူးစည်ကား

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးနှင့် မဟာဓမ္မိကာရုံကျောင်းတိုက်တို့တွင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ ယနေ့နံနက်ပိုင်းတွင် ဥပုသ်သီလ ဆောက်တည်သူများ၊ ကောင်းမှုဒါန ပြုလုပ်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ  ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများအား လှူဒါန်းသော  ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္တူပစ္စည်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်