ကျောက်တော်မြို့၌ ရခိုင်ပြည်အစိုးရအဖွဲ့ မှလှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ပေါ်ဆန်းမွှေးဆန်၊ ဆီနှင့် ဆေးဝါးများ ဆက်ကပ်လှူဒါန်း
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်အစိုးရအဖွဲ့မှလှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ပေါ်ဆန်းမွှေးဆန်၊ဆီနှင့်ဆေးဝါးများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။