ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေက ဇာတင်လှူပွဲသို့ ကြွရောက်ကြသည့် ဆရာတော်ကြီးများအား ပို့ဆောင်ပူဇော်၊ တည်နေဆာက်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်မှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက

အမ်းမြို့၌ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းများကပ်လှူခြင်း နှင့်ဘုန်းတော်ကြီးကျောင်းများ၌ စု‌ပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရန်အတွက်ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများက မြို့ပေါ်နှင့်မြို့နီးကျောင်း(၂၆)ကျောင်း၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ရပ်ကွက်ကျေးရွာအုပ်စုများ ရှိဘုန်းတော်ကြီးကျောင်း(၃၆)ကျောင်းနှင့် သာသနိက အဆောက်အဦများတွင် သန့်ရှင်းသာယာလှပ​ရေး စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ကာ ဝါဆိုသ င်္ကန်းများနှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်း ခြင်းများကိုယမန်နေ့မှစ၍ ကပ်လှူ ပူဇော်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ် လေယာဥ်ကွင်းရပ် ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လေယာဥ်ကွင်းရပ်ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက်ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်း  

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး များအား ဆရာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။

မြောက်ဦးမြို့၊ မြို့မဈေးကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်းဆေးမှုတ်ခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့မဈေးကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ဆုထူးပန်ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မြို့သစ်ရပ်ကွက် ဆုထူးပန် ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသာယာ လှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း ရှေ့မျက်နှာစာ၌ ပြုလုပ်ခဲ့ကြသည်။

ဘူးသီးတောင်မြို့ ဘုန်းတော်ကြီးကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ ၈နာရီ အချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက် သရုပ်ပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ နန်းရာကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံ သန့်ရှင်းမွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၏ နန်းရာကုန်း ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာတွင် ပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စုပေါင်းကောက်စိုက်ခြင်းနှင့် တီစူပါမြေဩဇာမြေခံ ကြဲပက်ခြင်းနှင့် စုပေါင်းထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးစေ့ထုတ်တောင်သူ (၂၄) ဦးတို့အား တီဆူပါဓါတ်မြေဩဇာ တစ်ဧကလျှင် (၀.၅) အိတ်နှုန်းဖြင့် (၄၇.၅) အိတ်အားတို့အား (အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ကာ စိုက်ပျိုးရေး ပညာပေးလက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

မင်းပြားမြို့မစျေး၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုးရာသီတွင် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် မင်းပြားမြို့မစျေး၌ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို ဇူလိုင်၃၀ ရက်က ကွင်းဆင်း ဆောင်ရွက်ခဲ့​သည်။

မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်က အဆိုပါ ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်