မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် အားကစားဥယျာဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊
မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းမြေ့စွာ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းကမော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ မွန်ပြည်နယ် အားကစားဥယျာဉ်အတွင်း သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။