သံဖြူဇရပ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ရပ်ကွက်ကျေးရွာ တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။