မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်၌ (၇၉) နှစ်မြောက်ပြည်‌ထောင်စုနေ့ နိုင်ငံတော်အလံလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၏ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအ‌လေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားတို့ကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ နံနက်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို  ဇန်နဝါရီ ၄ ရက်နေ့နံနက်ပိုင်းက တေဇဥယျာဉ်နှင့် ကျွန်းသာယာခန်းမတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျိုက်ထိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်‌‌ထောင်စုနှင့် ပြည်နယ်အစိုးရရန်ပုံငွေတို့ဖြင့်‌ ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့်ပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျိုက်ထိုခရိုင် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ပြည်နယ်လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းကို ဖြေရှင်းနိုင်ရန်နှင့် နောက်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ရန်ဆောင်ရွက်မည့် စံပြလုပ်ထုံး လုပ်နည်းများနှင့်ပတ်သက်၍ ပြည်နယ်လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က လယ်ယာမြေပေါ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုမှုများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ် မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီများအနေဖြင့်စံပြုလုပ်ထုံးလုပ်နည်းများ (SOP) ပါသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းတာဝန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူဦးရေ တိုးတက်လာခြင်း၊ စီးပွားရေးအဆောက်အအုံများ တိုးတက်လာခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူများ အကျိုးစီးပွားအလို့ငှာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အတွက် မြို့ပြစီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းစီမံကိန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများအတွက် အသုံးပြုရန်မြေနေရာလို အပ်ပါကလည်း (SOP) ပါပြဌာန်းချက်များနှင့်အညီ အနာဂတ်အသုံးပြုမှုစီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၏ စုပေါင်းဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြသည်။

သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့၌  ၂၀၂၆ ခုနှစ် (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး တင်ဇော်ထွန်း တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း မွန်ပြည်နယ်လွှတ်တော်ရုံးဆွေးနွေးပွဲခန်းမ၌ ကျင်းပပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၊ အမှတ် (၁) မြို့မဈေး၌ ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်ကွင်းဆင်း ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အမှတ် (၁) မြို့မဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများအနက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်းပါဝင်သော စားသောက်ကုန် ပစ္စည်းများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းကို ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့၌ တားမြစ်ဓာတုပစ္စည်းပါဝင်သည့် စားသာက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး ရွေ့လျားဓါတ်ခွဲယာဉ်ဖြင့် ဈေးကွက်ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၌ သီရိမြိုင်ဈေးအတွင်းရှိ စားသောက်ကုန်ဆိုင်များတွင်ရောင်းချနေသော ကုန်ပစ္စည်းများအနက် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)မှ သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ထားသည့် တားမြစ်ဓာတုပစ္စည်း ပါဝင်သော စားသောက်ကုန်ပစ္စည်းများအား အများပြည်သူသိရှိစေရန် အသိပညာပေးခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးစစ်ဆေးခြင်းကို ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်