မော်လမြိုင် ဧပြီ ၁၂
စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့်ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်(ပုံစံ-၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဧပြီ ၁၁ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ပြည်နယ်ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးနှင့် အရာရှိများ၊ ပြည်သူ့စစ်မှုထမ်း စစ်သည်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အခမ်းအနားတွင် အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီး စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းစစ်သည်(၃)ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား အမှတ်(၄)စစ်ဆင်ရေးအထူးအဖွဲ့မှူးက လက်မှတ်နှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်(၃)ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား မွန်ပြည်နယ်ဝန်ကြီးချုပ် က လည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်(၃)ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်(၃)ဦးအတွက် ပြည်သူ့စစ်မှုထမ်းလက်မှတ်များအား ကရင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်းကောင်း၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်(၃)ဦးအတွက် ရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့က လည်းကောင်း လက်မှတ်နှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ကစထမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်း စစ်သည်များအားား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)