မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ

မော်လမြိုင် ဧပြီ ၁၂

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၆ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို  ဧပြီ ၁၁ ရက်​ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပသည်။

ဆုချီးမြှင့်ပွဲအခမ်းအနားတွင်   ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက် အ​ကောင်းဆုံး ကစားသမားဆုများ၊ ​နေရာအလိုက် အ​ကောင်းဆုံး ကစားသမားဆုများအားလည်း​ကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများ ရရှိကြသည့် ပြိုင်ပွဲဝင် ​ဘောလုံးအသင်းများအားလည်း​ကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား  (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေးမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ​ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအားပေးအပ်ချီးမြှင့်၍  အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)