မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်အတက်နေ့ သထုံမြို့နယ် ဗဟိုမဏ္ဍပ်တွင် အေးချမ်းပျော်ရွှင်စွာ ဆင်ယင်ကျင်းပနေမှုအား ကြည့်ရှုအားပေး
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ (မဟာသင်္ကြန်အတက်နေ့) နံနက်ပိုင်းတွင် သထုံမြို့၊ ရွှေစာရံစေတီအနီးရှိ ခရိုင်အဆင့်ဗဟိုရေကစားမဏ္ဍပ်၌ သင်္ကြန်ပွဲတော်အား ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။