မွန်ပြည်နယ်

မော်လမြိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြသ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်၌ ပြည်သူအသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာတွင် ဇွန် ၂၄ ရက်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်တတ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းကို အဆိုပါကျေးရွာရှိ မဂဒူးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့အ.ထ.က(ရွှေဥဩ)ကျောင်းတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံစိစစ်ရေးကတ်ပြားများ ကွင်းဆင်း‌ဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၅ ရက် နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ကွင်းဆင်း‌ဆောင်ရွက်ပြုလုပ်‌ပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်တောရသာသနာရိပ်သာ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်၏ သက်တော် (၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇွန် ၂၅ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ညောင်ပင်ဆိပ်တောရ သာသနာရိပ်သာ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာ​ထေရ်မြတ်၏ အဂ္ဂမဟာဝိသိဋ္ဌဂုဏပူဇာနှင့် သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တပည့်ဒကာများ တက်ရောက်ကြည်ညိုကြသည်။

သံဖြူဇရပ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာအုပ်စာစောင် ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ/နံရံကပ် ပြပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က အောင်ဇေယျတိုးချဲ့(မူလွန်)ကျောင်း၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ စိမ်းလန်းစိုပြည်သာယာလှပစေရေး၊ ရာသီဥတုသာယာမျှတစေရေးနှင့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများပိုမိုတက်ကြွစွာ ပါဝင်လာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၇:၃၀)နာရီက ခရိုက်သစ်ကျေးရွာရှိ စက်မှုလယ်ယာရုံးဝင်းအတွင်း ကျင်းပခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက နိုင်းပြိုင်၊ ကလော့သော့၊ ထုံမံ၊ ကော့ပီထော်ကျေးရွာများရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ ထုတ်ချေးပေးခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ မြဆည်းဆာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓါန နာယကဆရာတော်ဘဒ္ဒန္တနရိန္ဒ၏ သက်တော် (၄၇) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ မြဆည်းအာဘိုးဘွားများခိုလှုံရာရိပ်သာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓါန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၇)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားနှင့် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာအလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ(၅)စင်းမှ စေတီတော်မြတ်ကြီးထံ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ နဂါးမောက်ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်​ကြည်သိန်း၊ တိုင်းမှူးဗိုလ်ချုပ် ကျော်လင်းမောင်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓါနနာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ၊ ဝန်ထမ်းများနှင့် ထို့ကျောင်းတွင် တက်‌ရောက်ပညာသင်ကြားနေသော Grade 10, 11, 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေရေးရာနှင့်ပတ်သက်သည့် အသိပညာများကိုသိရှိနိုင်ရန် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (‌မော်လမြိုင်) သင်တန်းခန်းမ၌ ကျင်းပ​​ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်