မွန်ပြည်နယ်

မွန်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်း           

မွန်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး  E-government ကွန်ပျုတာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းက  အမှာစကား ပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန်အတွက် ရှေးဟောင်းအဆောက်အဦစိစစ်ဖော်ထုတ်ရေးကော်မတီ စည်းဝေး

မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို စိစစ်ဖော်ထုတ်မှတ်တမ်းတင်နိုင်ရန် အတွက် ရှေးဟောင်းအဆောက်အဦ စိစစ်ဖော်ထုတ်ရေးကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပင်မဆောင်၌ ကျင်းပသည်။

သံဖြူဇရပ်၌(၇၆)ကြိမ်မြောက် ၃၈ ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်ရေးဖြေစာမေးပွဲကျင်းပ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှကြီးမှူး ကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင်  ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာမူလတန်း(လွန်)ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားပြီး ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်ခွင့်ရရှိစေရေးတို့အတွက်လည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကို ယဉ်ကျေးလိမ္မာမှုရှိစေရန်နှင့် ဘာသာတရားရိုသေလေးစားလိုက်နာတတ်စေရန်လည်း ပြုစုပျိုးထောင်ပေးကြရန်၊ မိမိတို့၏ကျောင်းတော်ကြီး ရေရှည်တည်တံ့ကောင်းမွန်စေရန်နှင့် ကျောင်းနှင့်‌‌ ကျောင်းပတ်ဝန်းကျင် အစဉ်သန့်ရှင်းသာယာလှပစေရန် အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူးမာရိယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာ-အိန္ဒိယကိုယ်စားလှယ် ဦးလှဝင်းနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနွယ်ဖွား မြို့နယ် (၁၀)မြို့နယ်မှ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဗုဒ္ဓဝင်စာမေးပွဲ မွန်၊ မြန်မာဖြေဆိုနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဗဟိုမှ ကြီးမှူးကျင်းပသည့် (၇၆) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကို နိုဝင်ဘာ (၂၈) ရက်နေ့က မြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် မွန်ဘာသာနှင့်မြန်မာဘာသာတို့ဖြင့် ပြုလုပ်သည်။

ကျိုက်မရော၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသင်တန်း ဖွင့်လှစ်

ကျိုက်မရေမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်က ကျိုက်မရော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်သည်။

သံဖြူဇရပ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက်  ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်ရပ်ကွက်ကျေးရွာ တစ်အိမ်တက်ဆင်း  ကွင်းဆင်းကောက်ယူရေး  ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ချောင်းဆုံမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းမြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံမြို့နယ်၌၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည် စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုမှုအပြင် မိမိမဲစာရင်းပါမပါအား သိရှိနိုင်ရန်အတွက် ယနေ့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှု‌ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်းကွန်ကရစ်လမ်း ဖွင့်ပွဲတက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခလော့ကနိုင်းကျေးရွာ မုကွဲကုန်းကွင်းထွက်လမ်း ကွန်ကရစ်လမ်း ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ တက်ရောက်သည်။
Subscribe to မွန်ပြည်နယ်