ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးသို့ ဘုရားဖူးလာပြည်သူများအား စတုဒိသာများဖြင့် ကျွေးမွေးလှူဒါန်း

သံဖြူဇရပ် ဧပြီ ၁၆

၁၃၇၈ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ဖြစ်သည့် ယနေ့ဧပြီ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးတွင် ဘုရားဖူးလာပြည်သူများအား စတုဒိတာကျွေးမွေးလှူဒါန်းလျက်ရှိသည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးအား လာရောက်ဖူးမျှော်ကန်တော့ပြီး၊ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နှစ်စဥ်သင်္ကြန်ကာလ အကျနေ့၊ အကြတ်နေ့၊ အတက်နေ့ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျွေးမွေးလှူဒါန်းလျက်ရှိသည့် မြန်မာ့ရိုးရာသင်္ကြန်ထမင်းစတုဒိသာများ စားသောက်ခဲ့ကြပြီး၊ အပြန်တွင် စက်စဲကျေးရွာရှိ စက်စဲကမ်းခြေသို့ ဝင်ရောက်အပန်းဖြေရေကစားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)