ကျိုက်ထို ဧပြီ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ရိပ်သာများ၌ ဝိပဿနာတရားရှုမှတ်နိုင်ရန် တရားစခန်းများဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖွင့်လှစ်ကြသည့် တရားစခန်းများသည် (၇)ရက်တရားစခန်းနှင့် (၁၀)ရက်တရားစခန်းများဖြစ်ပြီး တရားစခန်းဝင်ရောက်လာသည့် ယောဂီများအား သက်ဆိုင်ရာဆရာတော်ကြီးများက သစ္စာတရားတော်နှင့် ပတ်သက်သည့် တရားတော်များ၊ ဝိပဿနာတရားရှုမှတ်နည်းများကို သင်ကြားဟောပြောတော်မူပြီး (၁)နာရီကြာ ဝိပဿနာ ဘာဝနာပွားနည်းများကို ရှုမှတ်စေခဲ့သည်။
အဆိုပါတရားစခန်းများရှိ ဆရာတော်ကြီးများနှင့် ယောဂီများ သုံးဆောင်နိုင်ရန် ဆွမ်းနှင့်အာဟာရဒါနများကို စေတနာရှင်အလှူရှင်များက နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)