မွန်ပြည်နယ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်ရေး အလှူငွေပေးအပ် လှူဒါန်းခြင်းနှင့် စိုက်ပျိုး​ရေးသိပ္ပံ​(သထုံ)၌ ကျောင်း​ဆောင်သစ်များ ​ဆောင်ရွက်ပြီးစီး​နေမှု အ​ခြေအ​နေအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်နိုင်‌ရေး ဒုတိယအကြိမ် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့ သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ​တော်၊ သံဃာ​တော် အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များတက်​ရောက်သည်။

မော်လမြိုင်မြို့၊ ​ဇေယျာမြိုင်ရပ်ကွက်နှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၀န်းအတွင်း ပြည်သူ့အကျိုးပြုစု​ပေါင်းသန့်ရှင်းရေး​ဆောင်ရွက်မှုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှုအား​ပေး

မွန်ပြည်နယ်အတွင်း မြို့​ပေါ်ရပ်ကွက်​များသာမက ကျေးရွာများပါမကျန် သန့်ရှင်းသာယာလှပစေ​ရေး အ​လေးထား​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၄ ရက်​နေ့၊ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်အတွင်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်​နေပြည်သူများက ​စု​ပေါင်းပါဝင်သည့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း​​ရေး​ဆောင်ရွက်​နေမှုကို ကြည့်ရှုအား​ပေး၍ ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွင်အတွင်းသန့်ရှင်းသာယာလှပ​စေ​ရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်​ကြစေ​ရေး ​ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

စိုက်ပျိုးရေးသိပ္ပံ(သထုံ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက်အိမ်ထောင်စုစာရင်းနှင့် မြေပြင်ရှိ  လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်းသိရသည်။

ပေါင်မြို့နယ်၊ အထက ကော့ကရင် အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက အထက ကော့ကရင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာလျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးပြီးအောင်မြင် ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်/ တိုးမြှင့်ကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းစိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံနေကြာဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်နေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်တို့က ယမန်နေ့က နေကြာစိုက်ပျိုးထားသည့် စိုက်ခင်းသို့သွားရောက်ကြည့်ရှုခဲ့သည်။

သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် (မူလွန်) ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က (မူလွန်) အောင်ဇေယျကျောင်း၌ ကျင်းပခဲ့သည်။

သံဖြူဇရပ်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်အတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်