မွန်ပြည်နယ်

ပေါင်မြို့နယ်တွင်  မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။

မုဒုံမြို့နယ်တွင် ကိုက်လန်တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူ တောင်သူများ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် ကိုက်လန်စိုက် တောင်သူများ မိသားစု အပိုဝင်ငွေရရှိသည်။ မုဒုံမြို့နယ်တွင် ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး၊

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၅၇၂၄)သိန်းကို ချောင်းဆုံမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ ချေးငွေထောက်ပံ့ပေးအပ်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် စီမံကိန်းကျေးရွာများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်(၅၇၂၄)သိန်းကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ (၂:၃၀)နာရီက ကျွန်းသာယာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့၌နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ဒေသခံတောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ဒေသခံတောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ခွဲ)မှ ၂၀၂ ၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေး  ငွေများပြန်လည်ကောက်ခံ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (ခွဲ)တွင် ၂၀၂၂ ခုနှစ် မိုးရာသီဘဏ်ချေးငွေများအား ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကောက်ခံလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်၁၁နာရီအချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကား ပြောကြားသည်။

သထုံမြို့နယ်၌ ကျား/ မတန်းတူအခွင့်အရေးရရှိမှုနှင့် အကြမ်းဖက်မှုဆိုင်ရာများ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်လူမှုဝန်ထမ်းရုံးနှင့် နွေးထွေးသောရင်ခွင်အဖွဲ့တို့ ပူးပေါင်း၍ ကျားမတန်းတူအခွင့်အရေးရရှိမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ သိကောင်းစရာများ ‌ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်က ခရိုင်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ် ရုံးလူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း (Book Club) တို့ ပူးပေါင်း၍ မြနှင်းရည်ရှိန် ဘာသာပြန်ထားသည့် “အတွေးများမှသည်လက်တွေ့ လုပ်ဆောင်မှုဆီသို့​” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ ငွေထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်