သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် (မူလွန်) ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

သံဖြူဇရပ် ဇန်နာဝါရီ ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က (မူလွန်) အောင်ဇေယျကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက လူငယ်အသိပညာပေးဟောပြောရာ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများဖြစ်သည့် လူကုန်ကူးမှုဆိုသည်မှာ လူတစ်ဦးဦးသည် အခြားသူတစ်ဦးတစ်​ယောက်ကို​ ခေါင်းဖုံဖြတ်ရန်အတွက် ချိန်းခြောက်ခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း စသည့်အကြောင်းအရာများ ပြုလုပ်ပြီး ပြည့်တန်ဆာစေခိုင်းခြင်း၊ အခြားကာမဆိုင်ရာ တစ်မျိုးမျိုးပြုခိုင်းခြင်း၊ အဓမ္မခိုင်းစေခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီးဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှား၍ ရောင်းစားခြင်း စသည်တို့ကို ပြုလုပ်ခြင်း​ဖြစ်ကြောင်း၊ ငွေကြေးမပြည့်စုံသူ များ၊ အလုပ်အကိုယ် အခွင့်အလမ်း နည်းပါးသူများနှင့် ရွှေ့ပြောင်းလုပ်ကိုင် ရှာဖွေစားသောက်သူများမှာ လူကုန်ကူးခံရနိုင်ဖွယ်ရှိကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များတွင်သာမက အမျိုးသားများလည်း လူကုန်ကူးခံရနိုင်ခြေရှိကြောင်း၊​ အသက်အရွယ်မရွေး လူကုန်ကူမှု ဖြစ်ပွားနိုင်သဖြင့် လူကုန်ကူးမှုမခံရစေရေးသတိကြီးစွာဖြင့် နေထိုင်ကြရမည်ဖြစ်ပြီး လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရေးအတွက် ကျောင်းသား/ ကျောင်းသူများမှ သတိကြစွာ သွားလာနေထိုင်ကြစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်ခြင်း၏ အကျိုးကျေးဇူးကို ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ​ ပြသထားသည့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၀၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး အကြောင်းအရာပါပိုစတာများကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)