ချောင်းဆုံမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာလျာထားဧကထက်ကျော်လွန်စွာ စိုက်ပျိုးပြီးအောင်မြင် ဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်/ တိုးမြှင့်ကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ ဇန်နဝါရီ ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းစိုက်ပျိုးထားရှိသည့် ဆောင်းသီးနှံနေကြာဆီထွက်သီးနှံ စိုက်ပျိုးအောင်မြင်နေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်တို့က ယမန်နေ့က နေကြာစိုက်ပျိုးထားသည့် စိုက်ခင်းသို့သွားရောက်ကြည့်ရှုခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာစိုက်ပျိုးလျာထားဧကမှာ (၃၁၀၀)ဧက ရှိပြီး ယနေ့ထိ စိုက်ပျိုးပြီးစီးမှုမှာ ရေဆင်းစပ်မျိုး(၁)(၂၀၁၀) ဧက၊ ဆင်းရွှေကြာ(၂)(၁၁၆၀)ဧက စုစုပေါင်း (၃၁၇၀)ဧကစိုက်ပျိုးထားပြီး သီးနှံစိုက်ပျိုးမှု ပုံစံအလိုက် စိုက်ပျိုးထားရှိမှုအနေဖြင့် သီးထပ် (၃၁၄၀) ဧကနှင့်သီးညှပ်(၃၀) ဧကဖြစ်ပြီးတစ်မြို့နယ်လုံးအနေဖြင့် စိုက်ပျိုးပြီးစီးမှုရာခိုင်နှုန်းမှာ(၁၀၂.၂၆)ရာခိုင်နှုန်းရှိ၍လျာထားစိုက်ပျိုးဧကထက် ကျော်လွန်စွာ စိုက်ပျိုးအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ ဆက်)