မွန်ပြည်နယ်

မော်လမြိုင်မြို့ ရာမညအားကစား ကွင်းသစ်ဖွင့်ပွဲနှင့်(၁၀)မြို့နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ခုနှစ် မတ်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရာမညအာကစားကွင်း ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ၌ မြေပဲမျိုး(ယှဉ်ပြိုင်)စမ်းသပ်ခြင်း ကွင်းသရုပ်ပြ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ တောင်သူ ဦးအောင်ကျော်ထူး၏ စံပြစိုက်ခင်း၌ မြေပဲမျိုး (ယှဉ်ပြိုင်)စမ်းသပ်ခြင်း ကွင်းသရုပ်ပြခြင်းကိုပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

မွန်ပြည်နယ် သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တောင်သူလယ်သမားနေ့အထိမ်းအမှတ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်း က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် အသက်တစ်နှစ်အောက်ကလေးများအား လစဉ်ပုံမှန်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်

ကျိုက်မရောမြို့နယ်အတွင်းရှိ မွေးကင်းစမှ တစ်နှစ်အောက် ကလေးငယ်များအားလုံး ကျန်းမာ ပျော်ရွင်စွာ ကြီးပြင်းလာစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက လစဉ်မွေးကင်းစအရွယ်မှစတင်၍ အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်ထိုမြို့နယ်၌ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်စိုက်ခင်းအား ထည်ထိုးမြေ မြုပ်ပေး

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းဒေသသီးနှံ စိုက်ပျိုးလျှက်ရှိသည့် တောင်သူများ၏ လယ်ယာ‌မြေအထွက်တိုးနှုန်း တိုးတက်မြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျိုက်ထိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများ အနီးကပ်ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုများ (အခမဲ့)ပြုပြင်ပေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ခြေအင်္ဂါချို့ယွင်းပြီး ခြေတုတပ်ဆင်ထားသူများ၏ ပျက်စီးနေသော ခြေတုများ ပြုပြင်ပေးခြင်းနှင့် အသစ်များ ပြန်လည်ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉နာရီက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပြုပြင်တပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို မတ် ၁ ရက်နေ့မှစတင်ကာ ဘီးလင်းမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ စာရင်းကိုင်နှင့်ရုံးလုပ်ငန်းဆိုင်ရာသင်တန်းဖွင့်လှစ်

သံဖြူဇရပ်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ ရုံးဝန်ထမ်းများ စာရင်းဇယားဆိုင်ရာ အချက်အလက်များ လုပ်ကိုင်ရာတွင် မှားယွင်းမှုမရှိစေရန် ရည်ရွယ်၍  စာရင်းကိုင်နှင့် ရုံးလုပ်ငန်းဆိုင်ရာ သင်တန်းကို ယနေ့ နံနက် (၁၀)အချိန်က သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်