မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌ ဘုရားစေတီများတွင် ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တပေါင်းလပြည့်နေ့၌  မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်သည့် အခါကြီးရက်ကြီးတွင် ပြည်သူများမှာ ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုများ ပြုလျက်ရှိကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် သထုံမြို့နယ်၌ ကျင်းပသည့် (၇၄) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်အဆင့် (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်က သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသား ဗိမာန်တော်၌ ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်၍ ကျင်းပပြုလုပ်ရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသူ/သားများ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။

မော်လမြိုင်မြို့ ကော့ခမယ်ကျေးရွာတွင် ရွာလုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ခံ

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကော့ခမယ် ကျေးရွာမှာဆိုရင် နှစ်စဉ်ဘုရားပွဲတော်တွေကို ရိုးရာအစဉ် အလာမပျက် ကျင်းပပြုလုပ်လျက်ရှိရာ အဲဒီအထဲမှာမှ တပေါင်းလပြည့်နေ့ မရောက်မီ အဖိတ် နေ့မှာဆိုရင် ရွာလုံးကျွတ် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ခံပွဲကို မတ်လ ၄ ရက်နေ့ နေ့လည်ပိုင်းက ကော့ခမယ်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်း သန့်ရှင်းသာသာလှပစေရေးအတွက် ပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အများပြည်သူများ စိတ်အေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသာယာလှပစေရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ​ဦးဇိနဘုရား ဘေးတောင်ရိုးတန်း တစ်လျှောက်ရှိခြုံနွယ် ပိတ်ပေါင်းများ မြက်ခြောက်များအား ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ စည်ပင်၊ သစ်တော၊ လျှပ်စစ်၊ လမ်းဦးစီးဌာန၊ ရပ်ကွက် (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် YMBA စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်စေရေး၊ ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်

သဘာဝဘေးကျရောက်လျှင် ကြံခိုင်မှုမရှိသော နေအိမ်များအား မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အားဖြည့် ပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့ဇီးကုန်းကျေးရွာသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ သွားရောက်ခဲ့ကာ နေအိမ်အမိုးအကာ ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ Talk Show

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အပြည်​ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြောင်း သိကောင်းစရာဆွေးနွေးပွဲ Talk Show ကိုပြုလုပ်သည်။

ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါစာစစ်ဌာနများသို့  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ခရိုင်(Community Centre)ခန်းမ၌ နွေရာသီ အခြေခံအားကစား Fitness Dance သင်တန်းကျင်းပ

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအားကစား သင်တန်းဖြစ်သည့် Fitness Dance သင်တန်းကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းကာ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်