မွန်ပြည်နယ်

သံဖြူဇရပ်မြို့နယ်၌ အမျိုးသမီးများအား အကြမ်းဖက်မှု / လူကုန်ကူးမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများအား အကြမ်းဖက်မှု / လူကုန်ကူးမှုများမှ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နွေရာသီရောက်ရှိလာပြီးဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိနေပီးဖြစ်၍  ကျိုက်မရောမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းကစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မီးသတ်မော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်နှိုးဆော် ခဲ့ကြသည်။

အိမ်တွင်း လျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ​ အခမ်းအနားကျင်းပ

မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မုဒုံ​မြို့နယ်၌ အမျိုးသားအဆင့်ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှု အဆင့် (၁) သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သား ကျွမ်းကျင်မှုအဆင့် (၁) သင်တန်းနှင့်စစ်ဆေး အကဲဖြတ်ခြင်းအမှတ်စဉ် (၁၀) သင်တန်းဆင်းပွဲ အခမ်းအနားကိုပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာ၌ ဆီနေကြာ စံပြစိုက်ခင်းအောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေဖြင့် မိုးစပါးရိတ်သိမ်းပြီး ချိန်ဆောင်းသီးနှံအဖြစ် ပဲ၊ နေကြာ၊ ရာဘာများ အား စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လိုသည့် တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရန်ပုံငွေနှင့်အတူ ဆီနေကြာမျိုးစေ့များအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ပေးအပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (ပဲတီစိမ်း)စံပြစိုက်ခင်းနှင့်ပတ်သက်၍ ကွင်းဆင်းဆွေးနွေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မိုးစပါးရိတ်သိမ်းမှုပြီးချိန်၌ တောင်သူများနွေစပါးနှင့် ဆောင်းသီးနှံများအား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းကာ သထုံမြို့၊ သုဝဏ္ဏဈေး၌ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက  ပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ပေါင်မြို့နယ် ကဒါရပ်ကွက် မဂ်လာဈေးတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၂၀၂၃) အထိမ်းအမှတ်အကြို မေးရိုးနှင့်ခံတွင်းခွဲစိတ်ဆောင်၊ နှလုံးကြပ်မတ်ကုသဆောင် ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃)၊ (Myanmar Health Sciences Conference, MHSC 2023) အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေဖြင့် မွန်ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အလံတစ်ရာစေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်​ချောင်​ကျေးရွာ အလံတစ်ရာကုန်း​တော်၌ တည်ထားကိုးကွယ်​တော်မူ​သော ​အလံတစ်ရာ စေတီ​တော်မြတ်ကြီး စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၂၆ ရက်​နေ့၊ နံနက်ပိုင်းက စေတီ​တော်မြတ်ကြီး၏ ဓမ္မာရုံ​တော်၌ ကျင်းပပြုလုပ်ရာ ဆရာ​တော်၊ သံဃာ​တော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်​ရောက်သည်။
Subscribe to မွန်ပြည်နယ်