မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် အာဟာရများ ထောက်ပံ့ပေးအပ်

၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီက မုဒုံမြို့နယ်အားကစားကွင်းနှင့် အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်းတို့၌ ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား မုန့်နှင့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ချောင်းဆုံတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ချောင်းဆုံ) စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်၀င်စာမေးပွဲ ကျောက်ကြီးမြို့နယ်မှ ၁၂၃ ဦး စတင်ဖြေဆို

မြန်မာနိုင်ငံတစ်၀န်းလုံးတွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့နံနက်ပိုင်းကစတင်ပြီး မတ်လ(၁၈)ရက်နေ့အထိ စတင်ဖြေဆိုလျက်ရာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်တွင် စာဖြေဌာန(၂)ခု၌ ကျောင်းသား၊ ကျောင်းသူ ၁၃၇ ဦး စာရင်းရှိပြီး ၀င်ရောက်ဖြေဆိုသူ (၁၂၃)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃  တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ (၆၁၈)ဦး ဝင်ရောက်ဖြေဆို

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စာစစ်ဌာန(၄)ခုဖွင့်လှစ်၍  တက္ကသိုလ်ဝင်တန်းကျောင်းဖြေ ကျား(၇၄) ဦး၊ မ(၁၁၇)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျား (၁၆၄)၊မ(၂၆၃) ဦး ရှိရာ စုစုပေါင်း(၆၁၈)ဦး ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

သထုံတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက် ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့စတင်ကျင်းပပြုလုပ်နေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့၊ မြန်မာစာကို မြို့နယ်အတွင်းရှိ စာစစ်ဌာနတို့၌ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုနေမှုအား သယံဇာတရေးရာဝန်ကြီးလိုက်လံကြည့်ရှု

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက်ပိုင်းမှစ၍ စာစစ်ဌာန ၁၂ ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုသို့ သယံဇာတရေးရာဝန်ကြီးဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (မြန်မာစာ)ဘာသာရပ် စတင်ဖြေဆို

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်တွင်နိုင်ငံတဝှမ်း၌ မြန်မာစာဘာသာရပ်ကို ပထမနေ့ တပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင်သို့ လာရောက်ဖြေဆိုသူ ( ၉၅.၈၈ )ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သံဖြူဇရပ်၊ အ.ထ.က(၂)သံဖြူဇရပ်နှင့် အ.ထ.က(ကျိုက္ခမီ)စာစစ်ဌာန(၃)ခုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။

မော်လမြိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၅၄၃)ဦး ဝင်ရောက်ဖြေဆို

မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (၇)၊ အ.ထ.က(၁၁)၊ အ.ထ.က ရွှေနတ်တောင်၊ အ.ထ.က(၁၂)၊ စာစစ်ဌာန ၅ ခုတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်