ကျိုက်မရောမြို့နယ်၌ မဟာသင်္ကြန် အစိုးရရုံးပိတ်ရက်များ၌ အလှူဒါနပြုသူများ၊ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၌မြန်မာနှစ်သစ်ကူး အတာသင်္ကြန် အများပြည်သူ ရုံးပိတ်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးပြည်သူများ၊ ရဟန်းခံ၊ရှင်ပြု အလှူ မင်္ဂလာပွဲများ အနားယူအပန်းဖြေကြသူများဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆုတောင်း ပြည့်ဘုရားကြီးအတွင်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။