ကျိုက်မရော ဧပြီ ၉
ပူပြင်းခြောက်သွေ့သော နွေရာသီတွင် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေပြတ် လပ်မှုမရှိစေရေး အတွက်အနိမ့်ပိုင်း ရေရှားပါးသောနေအိမ်များသို့ သောက်သုံးရေများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အတ္တရံရပ်ကွက်၌ ပေးဝေခဲ့သည်။
အဆိုပါသောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသည်ယာဥ် နှစ်စီးဖြင့် မီးသတ်ဦးစီးအရာရှိ ဦးတင်သောင်းဦး ကြီးကြပ်ကာ တပ်ဖွဲ့ဝင်များက ရေဂါလံ (၁၆၀၀) ကို အိမ်တိုင်ရာရောက် ပေးဝေခဲ့ကြပြီးရေရှားပါးသော အခြားရပ်ကွက်များသို့လည်း သင်္ကြန် ကာလမတိုင်မီ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးတင်သောင်းဦးထံမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)