မွန်ပြည်နယ်

မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၁၃၈၄ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်သည်။

မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌  မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသကြင်္န်ပွဲတော်  ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မောင်ငံရပ်ကွက် အောက်လမ်းမကြီး လောကနတ်ဓါတ်ပုံဆိုင် ဘေးအိမ်နောက်ဘေးရှိ ဓါတ်ပုံဘောင်ထားသည့်ဂိုထောင်တွင် ယနေ့နံနက် ၄ နာရီ မိနစ်၄၀ အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရေရှားပါးသောနေရာများ၌ သောက်သုံးရေ ပြတ်လတ်မှုမရှိစေ ရေးရေများအခမဲ့ဖြန့်ဝေပေး

မွန်ပြည်နယ်၊ ကျိုက်မရော မြို့ပေါ်ရှိ ရေရှားပါးသော အနိမ့်ပိုင်း ရပ်ကွက်များသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်မီးသတ်  ဦးစီးဌာန မှသောက်ရေများအခမဲ့ ဖြန့်ဝေခြင်းကို ယနေ့နေ့လည် ၂နာရီ က ကမ်းနားလမ်းရှိ နေအိမ်များသို့ ပို့ဆောင်ပေးလျက်ရှိသည်။

ကျိုက်မရောမြို့မဟာစည်သာသနာ့ ရိပ်သာ၌သင်္ကြန်အတွင်းတရားစခန်း၌ တရားစခန်း ဝင်ရောက်သူများပြား

 မြန်မာလူ မျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော အတာသင်္ကြန်နှစ်ကူးရုံးပိတ်ရက်ရှည်ကာလတွင် မြို့နယ်အတွင်းရှိ တရားစခန်းများ၌ ယောဂီ ဝတ်သူ၊သီလရှင်ဝတ်သူ၊ တရားကျင်ကြံ အားထုတ်သူများပြားလျက်ရှိပြီး အတ္တရံရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာကြီး၌  တရားစခန်း ဝင်သူများယနေ့နံနက်ပိုင်းတွင် တရားကျင့်ကြံအားထုတ်နေမှုများကိုတွေ့မြင်ခဲ့ရသည်။

သထုံမြို၌ ယခုနှစ်အတာသင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပမည်

မွန်ပြည်နယ်၊ သထုံမြို့တွင် ယခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေး ပထမဆုံးအကြိမ်အဖြစ် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း

မွန်ပြည်နယ်၊ သထုံမြို့တွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆန်ကုန်သည်ကြီးများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ဘုရားလမ်းမပေါ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအကြိုအဖြစ် ရိုးရာသင်္ကြန်ထမင်း စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။

ပေါင်မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ စပါး မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉နာရီခွဲ ကပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့်တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မော်လမြိုင်မြို့ သုသမာစာရအဖွဲ့ကြီး၏ ၁၃၈၄ ခုနှစ်၊ (၇၆)ကြိမ်မြောက် ပရိယတ္တိစာမေးပွဲ ဓမ္မပူဇာဆုနှင်းသဘင် အခမ်းအနားကျင်းပ

မော်လမြိုင်မြို့ သုသမာစာရအဖွဲ့မှကြီးမှူးကျင်းပသော (၇၆)ကြိမ်မြောက် ပရိယတ္တိစာမေးပွဲ ဓမ္မပူဇာဆုနှင်း သဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ မဟာမြတ်မုနိဘုရားကြီအနီးရှိ သုသမစာရအဖွဲ့ စာမေးပွဲခန်းမဆောင် မော်ကွန်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့

ကျိုက်မရောမြို့မဟာစည်သာသနာ့ ရိပ်သာနှင့်ဇေတဝန်ဘုန်းတော်ကြီးကျောင်းတို့၌ မဟာသင်္ကြန်အကြို  ဆယ်ရက်တရားစခန်းများစတင်ဖွင့်လှစ်

မြန်မာလူမျိူးတို့၏ နေ့ထူးရက်မြတ်ဖြစ်သော မဟာသင်္ကြန်ရက်အကြိုတွင် အများပြည်သူအလုပ်ပိတ်ရက် ရက်ရှည်ကာလအတွင်း တရားစခန်းများ၌ တရားဘာဝနာများဝိပသနာ တရားများကို အေးချမ်းစွာတရားအားထုတ်လိုသည့် ယောဂီများအတွက် ဆယ်ရက်တရားစခန်း  ရိပ်သာများဖြစ်သည့် မသာစည်သာသနာ့ရိပ်သာ၊ဇေတဝန် ဘုန်းကြီးကျောင်းရှိ တရားစခန်းများကို ယနေ့နံနက် ၈နာရီမှစတင် ဖွင့်လှစ်လျက်ရှိရာ တရားဘာဝနာ  ကြိုးစားအားထုတ်လိုသူ သူတော်စင် ယောဂီ များစတင် လာရောက်လျက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်