မွန်ပြည်နယ်

မွန်ပြည်နယ်၀န်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတက်ရောက်ကြည့်ရှုအားပေး

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်၀န်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်တွင် ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကဏ္ဍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကဏ္ဍ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ရတနာမွန်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်ပညာရေးမှူး ညွှန်ကြားရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့်ပူးပေါင်း၍   စာရေးဆရာ အကြီးကိုကို၊ ကသာရေးသားသည့် လူငယ်တွေအတွက် အောင်မြင်မှုအတွေးစကား ၇၇ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်တွင် ၂၀၂၃ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်

ပေါင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မော်လမြိုင်မြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု၀န်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းက မောရ၀တီရေတပ်စခန်းဌာနချုပ် အမှတ်(၄၆)စစ်ရေယာဉ်စု၊ အကူရေယာဉ်အုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် Table-Top Exercise ​လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ပူပြင်းခြောက်သွေ့သောကာလ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်လာပါက ချက်ချင်း တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ Table-Top Exercise ​လေ့ကျင့်သရုပ်ပြခြင်းကို ယနေ့ နံနက် (၈း၀၀)နာရီက ချောင်းဆုံအရှေ့ရပ်ကွက် (အ.ထ.က)ချောင်းဆုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ ရိုးရာမပျက်ကျင်းပနိုင်ရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖျန်း လန်းဆန်းစေခြင်းဖြင့် မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများဖြင့် မော်လမြိုင်မြို့နယ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးတို့ပူးပေါင်းကာ လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်