မွန်ပြည်နယ်

ရေးမြို့နယ်တွင် (၃၃)ကြိမ်မြောက် မွန်ရိုးရာသက်ကြီးပူဇော်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် ရိုးရာယဥ်​ကျေးမှုဓလေ့ထုံးတမ်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်​ရှောက်သည့်အနေဖြင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန် အကြိုနေ့မွန်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က အောင်သုခရပ်ကွက်၊ ထန်း​ခြောက်ပင်ကျောင်းဓမ္မရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ရခိုင်တိုင်းရင်းသားရိုးရာ မဟာသင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပါယ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ရခိုင်တိုင်းရင်းသားရိုးရာ မဟာသင်္ကြန်နံ့သာသွေးခြင်းနှင့် ဘုရားရေသပ္ပါယ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ (မဟာသင်္ကြန်အကြိုနေ့) နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က စတင်ကာ သိမ်ကုန်းရပ်ကွက်၊ ရွှေစာရံစေတီအနီးရှိ ပရိယတ္တိသဒ္ဓမ္မလင်္ကာရ ဟိတကာရီစာသင်တိုက်၌ ရခိုင်တိုင်းရင်းသား သာရေးနာရေးနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ မုဒုံကြီးရပ်ကွက်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလနှစ်ဦးအကြို အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါရပ်ကွက်ရှိဓမ္မာရုံ၌ အစဉ်အလာမပြတ် ပူဇော်ကန်တော့ကြသည်။

ချောင်းဆုံမြို့နယ်တွင် သင်္ကြန်အကြိုနေ့ မုရစ်ကြီးကျေးရွာဘုရားပွဲတော်သို့ လာရောက်သူများ နှင့် ရေကစားကြသူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နှစ်သစ်ကူး သင်္ကြန်ကာလ ဘုရားပွဲတော်များကို ရိုးရာအစဉ်အလာများအတိုင်း ကျင်းပလျက်ရှိရာ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် မုရစ်ကြီးကျေးရွာ ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများနှင့် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

မဟာသင်္ကြန်(အကြိုနေ့)တွင် မုဒုံမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများ ကုသိုလ်ယူ

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာယဥ်ကျေးမှု ​​မဟာသင်္ကြန် (အကြိုနေ့)တွင် မွန်ပြည်နယ် မုဒုံမြို့အတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများနှင့် တရားဘာဝနာပွားများသူများ အေးချမ်းစွာကုသိုလ်ယူ၍ စည်ကားလျက်ရှိသည်။

ကျိုက်မရောမြို့မဈေးကြီး၌မြန်မာ နှစ်သစ်ကိုကြိုဆိုရန် အတာသင်္ကြန် ပန်းဝယ်ယူသူများဖြင့် အထူးစည်ကား

မြန်မာလူမျိုးတို၏ ရိုးရာပွဲတော်ကြီး တစ်ခုဖြစ်သော နှစ်ဟောင်းကုန်ဆုံး ၍နှစ်သစ်ကိုကြိုဆိုသော မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲတော် ကို ကြိုဆိုရန်အတွက် ကျိုက်မရောမြို့ပေါ်ရှိ စျေးများတွင်သကြားမင်းကြီးအားကြိုဆိုရန် ရိုးရာဓလေ့ထုံးတမ်းအရ အတာအိုးဝယ်သူများ၊ အတာပန်းဝယ်သူများ၊ သင်္ကြန်ရက်ကာလအတွင်းအလှူဒါနပြုနိုင်ရန်အတွက် စားသောက်ကုန် ဝယ်သူများ စျေးရောင်း၊ စျေးဝယ်သူများဖြင့် တိုးမပေါက်အောင်ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့၌ မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ် စတုဒိသာ ကျွေးမွေးလှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ပြည်သူဈေးမိသားစုမှ  ယနေ့နံနက်ပိုင်း၌ ပြည်သူ့ဈေးရှေ့တွင် မဟာသင်္ကြန်ပွဲတော်အထိမ်းအမှတ်အဖြစ် စတုဒီသာကို စုပေါင်းကျွေးမွေးလှူဒါန်းခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်၌ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို အစဥ်အလာမပျက် ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြိုနေ့ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ကမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၊ သန္တိသုခကျောင်း၌ မဟာသင်္ကြန်အကြို  ဆယ်ရက်တရားစခန်းဖွင့်လှစ်

မြန်မာလူမျိူးတို့၏ နေ့ထူးရက်မြတ်ဖြစ်သော မဟာသင်္ကြန်ရက်အတွင်း အများပြည်သူ အလုပ်ပိတ်ရက်ရက်ရှည်ကာလတွင်တရားစခန်းများ၌ တရားဘာဝနာများ ဝိပသနာတရားများကို အေးချမ်းစွာကုသိုလ်ပြုတရား အားထုတ်လိုသည့် ယောဂီများအတွက် ဆယ်ရက်တရားစခန်း ဖြစ်သည့် မွန်​ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် အောင်ဇေယျရပ်ကွက် သန္တိသုခဘုန်းတော်ကြီးကျောင်းရှိ တရားစခန်းကို ဧပြီ ၈ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်