မုဒုံမြို့နယ်၌ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

မုဒုံ ဧပြီ ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ မုဒုံကြီးရပ်ကွက်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ကာလနှစ်ဦးအကြို အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါရပ်ကွက်ရှိဓမ္မာရုံ၌ အစဉ်အလာမပြတ် ပူဇော်ကန်တော့ကြသည်။

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆွမ်းဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အသက်(၈၀)နှစ်နှင့်အထက် အဘိုး/အဘွား(၄၆)ဦးအား ပူဇော်ကန်တော့ကြပြီး အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ်(၄၀၀၀၀)နှုန်းနှင့် ပစ္စည်းများတန်ဖိုးငွေကျပ်(၂၀၀၀၀) စုစုပေါင်းလှူဒါန်းငွေကျပ် (၂၇၆၀၀၀၀)အား ပေးအပ်လှူဒါန်းကြကာ အဘိုးအဘွားများ၏ ကိုယ်စားအဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာပို့ စကားပြောကြားခဲ့သည်။ ပူဇော်ပွဲသို့  တက်ရောက်နိုင်ခြင်းမရှိသည့် သက်ကြီးဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းကြောင်းနှင့် သကြင်္န်ထမင်းဖြင့် ကျွေးမွေးဧည့်ခံကြောင်း သိရသည်။

သားငယ်(ပြန်/ဆက်)