ချောင်းဆုံမြို့နယ်တွင် သင်္ကြန်အကြိုနေ့ မုရစ်ကြီးကျေးရွာဘုရားပွဲတော်သို့ လာရောက်သူများ နှင့် ရေကစားကြသူများဖြင့် စည်ကား

ချောင်းဆုံ                ဧပြီ               ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နှစ်သစ်ကူး သင်္ကြန်ကာလ ဘုရားပွဲတော်များကို ရိုးရာအစဉ်အလာများအတိုင်း ကျင်းပလျက်ရှိရာ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် မုရစ်ကြီးကျေးရွာ ဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများနှင့် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

သင်္ကြန်အကြိုနေ့ မနက်ပိုင်းမှစ၍  ဘုရားပွဲလာရောက်လည်ပတ်ကြသူများနှင့် ရေကစားကြသူများကို အချိုရည် အအေးနှင့် အကျွေးအမွေးလှိုင်လှိုင်ဖြင့် ဧည့်ခံနိုင်ရန်အတွက် ရွာလုံးကျွတ်ပြင်ဆင်ထားကြောင်း၊ မိမိတို့အိမ်မှာတော့ ဧည့်သည်အယောက်(၂၀၀)ဦးအတွက် ဧည့်ခံနိုင်ရန် ပြင်ဆင်ထားတယ်လို့ မုရစ်ကြီးကျေးရွာမှဦးဝင်းနိုင်က ပြောကြားပါသည်။

ဘုရားပွဲနေ့တွင် ရွာလုံးကျွတ်ဆွမ်းချိုင့်ကိုယ်စီပို့ဆောင်ကာ ကျိုက်သရင်စေတီတော်ရင်ပြင်တွင် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၇)ကျောင်းမှ ဆရာတော်သံဃာတော်များကို အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး တရားနာကုသိုလ်ယူခြင်းကိုလည်း ရိုးရာမပျက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)