မော်လမြိုင်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အကျနေ့ ဖျော်ဖြေတင်ဆက်မှုနှင့် ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာပွဲတော်ဆင်နွှဲ
၁၃၈၄ ခုနှစ်၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပွဲကို မွန်ပြည်နယ်မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ဧပြီလ ၁၄ ရက် မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် နိုင်ငံကျော်အဆိုတော်များဖြင့် သင်္ကြန်ပွဲတော်ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။