ကျိုက်ထို ဧပြီ ၁၉
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှလမ်းညွှန်မှုဖြင့် ရပ်ကွက်များရှိ ရေလှောင်ကန်နှင့်နေအိမ်များသို့ သောက်သုံးရေများ အခမဲ့သွားရောက်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်အတွင်း တောင်ပိုင်းရပ်ကွက်သို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၏ကြီးကြပ်လမ်းညွှန်မှု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံအောင်နှင့်ဝန်ထမ်းများ ကရေဂါလံ(၁၆၀၀)ကို တောင်ပိုင်းရပ်ကွက်ရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့်ရေ ရှားပါးသော အခြားကျေးရွာ/ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျိုက်ထို(ပြန်/ဆက်)