ချောင်းဆုံ ဧပြီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီးနွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှဦးဆောင်ပြီး ကျေးရွာရှိရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်သုံးရေများ သွားရောက်အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာသို့ သွားရောက်ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို မွန်ပြည်နယ်မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးဆောင်ပြီးပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်(၃)စီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှရေသယ်ယာဉ်(၃)စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီးဖြင့် စုစုပေါင်း ရေဂါလံ (၁၂၁၀၀)ဂါလံကို ကျေးရွာရှိရေလှောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရေရှားပါးသော အခြားကျေးရွာ/ရပ်ကွက်များသို့လည်း ဆက်လက်အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)