ချောင်းဆုံ ဧပြီ ၂၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ရွာစဉ်အလိုက် ဘုရားပွဲတော်များကို ကျင်းပလျက်ရှိရာ ဧပြီ ၁၉ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကွမ်ရိုက်ကျေးရွာဘုရားပွဲတော်သို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၊ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် အဆင့် ဌာနဆိုင်ရာများမှ ယမန်နေ့က လာရောက်လည်ပတ်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များမှ ဘုရားပွဲတော်သို့ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်ကြည်သူများနှင့်ကျေးရွာရှိ နေအိမ်များမှ ဧည့်ခံကျွေးမွေးနေမှုများကို ကြည့်ရှုကြပြီးနောက် ကွမ်ရိုက်ကျေးရွာရှိ ဆံတော်ရှင် ကျိုက်တမော့လဲ့ စေတီတော်အား ဖူးမျှော်ကြည်ညိုခဲ့ကာ စေတီတော်အတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)